“ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက ဗင်နီဇွဲလားနိုင်ငံသို့ တန်ချိန် ၁၁၅ တန်ကျော် ပစ္စည်းများ လှူဒါန်းပေးအပ်ပြီးဖြစ်”
30 Jun
ကနဦး စာရင်းကောက်ယူမှုများအရ ဇွန်လ ၂၉ ရက်အထိ ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများက ဗင်နီဇွဲလားနိုင်ငံသို့ တန်ချိန် ၁၁၅ တန်ကျော်ပစ္စည်းများ လှူဒါန်းပေးအပ်ပြီးဖြစ်ကြောင်း၊ ၎င်းအနက် စားသောက်ကုန်၊ သောက်သုံးရေ၊ နေ့စဉ်သုံးပစ္စည်း၊ အသေးစား စက်ပစ္စည်းနှင့် ဆေးဝါးပစ္စည်း စသည်တို့ပါဝင်ကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ ထို့ပြင် တန်ချိန် ၂၀၀ ကျော်ရှိသည့် ပစ္စည်းများကိုလည်း ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃ ရက်အတွင်း အသုတ်လိုက်ခွဲ၍ ဗင်နီဇွဲလားနိုင်ငံက သတ်မှတ်ထားသော လက်ခံရာနေရာသို့ ပို့ဆောင်ရောက်ရှိမည်ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက ဆက်လက်ပြီး အခြေအနေအရ ပိုမိုများပြားသောပစ္စည်းများ ဝယ်ယူပြီး လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင်များလှုပ်ခတ်ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းအမျိုးအစား တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများစွာက ဆောက်လုပ်ရေးစက်ပစ္စည်းများ တွဲဖက်ပေး၍ ကျွမ်းကျင်ဝန်ထမ်းများ စုစည်းကာ အချင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအတွက်သွားရောက်ခဲ့သည်။ လက်ရှိတွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွင် ကရိန်းစက်နှစ်စီး ပါဝင်လုပ်ဆောင်နေပြီဖြစ်ပြီး ဝန်ထမ်း ၈ ဦးထက်မနည်း တွဲဖက် ထားကာ အခြားမြေတူးစက် နှစ်စီး၊ ကွန်တိန်နာ ၁၀ ခုနှင့် အရေးပေါ်သုံး မီးစက်နှစ်လုံးကို လိုအပ်ချက်အရ ထည့်သွင်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)