“ဂျပန်အပေါ် ပို့ကုန်ထိန်းချုပ်ရေးအစီအမံများနှင့်စပ်လျဉ်း၍ အပြည့်အဝလျော်ကန်မှု၊ ကျိုးကြောင်းဆီလျော်မှု၊ တရားဝင်မှုရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဆို”

30 Jun

ဂျပန်အဖွဲ့အစည်း ၂၀ ကို ပို့ကုန်ထိန်းချုပ်ရေးစာရင်းတွင် ထည့်သွင်းရန်၊ ဂျပန်အဖွဲ့အစည်း ၂၀ ကို စောင့်ကြည့် စာရင်းတွင်ထည့်သွင်းရန် ဆုံးဖြတ်ချက်ချကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇွန်လ ၂၉ ရက်တွင်ထုတ်ပြန်သော ကြေညာချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်း က သက်ဆိုင်ရာတရုတ်အာဏာပိုင်ဌာနများသည် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြား ၍ ကြေညာချက်ထုတ်ပြန်ပြီးဖြစ်ကြောင်း ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ ထိုလုပ်ဆောင်ချက်များသည် အပြည့်အဝလျော်ကန်မှု၊ ကျိုးကြောင်း ဆီလျော်မှု၊ တရားဝင်မှုရှိပြီး ဂျပန်၏ စစ်ရေးဝါဒပုံစံသစ်ဟူသော ဆင်ခြင်မဲ့လုပ်ရပ်များကို ပြတ်ပြတ်သားသား ဟန့်တားရန်ရည်ရွယ်ကြောင်း အလေးပေးပြောကြားလိုပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ဂျပန်ဘက်က လမ်းမှားရောက်နေသည်ကို သတိပြုမိပြီး လမ်းမှန်သို့ပြန်လှည့်ရန်၊ မှားယွင်းသောလုပ်ရပ်များကို ပြုပြင်ရန်၊ အမှန်တကယ်ပြန်လည်သုံးသပ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် လျှောက်လှမ်းရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံက ဥပဒေနှင့်အညီ စာရင်းပြုစုသည့် လုပ်ဆောင်ချက်များသည် ဂျပန် အဖွဲ့အစည်းအနည်းငယ်ကိုသာ ဦးတည်ကာ သက်ဆိုင်ရာအစီအမံများမှာလည်း စစ်ဘက်-အရပ်ဘက်သုံးပစ္စည်းများ အတွက်သာ ပစ်မှတ်ထားခြင်းဖြစ်ပြီး တရုတ်-ဂျပန်အကြား ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများကို ထိခိုက် မည်မဟုတ်ကြောင်း၊ ရိုးသားပြီး ဥပဒေလိုက်နာသော ဂျပန်အဖွဲ့အစည်းများအနေဖြင့် လုံးဝစိုးရိမ်စရာမရှိကြောင်း ကောကျားခွန်း က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

30 Jun

ADVERTISE HERE .