“အိုင်ဗရီကို့စ်တောင်ပံကစားသမား ဒီယိုမန်ဒီကို ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တဲ့ PSG အသင်း”
30 Jun
PSG အသင်းဟာ လိုက်ပ်ဇစ်အသင်းက အိုင်ဗရီကို့စ်တောင်ပံကစားသမား ဒီယိုမန်ဒီ ကို ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီယိုမန်ဒီ ကို လီဗာပူးလ်အသင်းကလည်း ဆာလာရဲ့နေရာ အစားထိုးဖို့အတွက် ပစ်မှတ်ထားနေပေမယ့် ဒီယိုမန်ဒီ က PSG အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ဒီယိုမန်ဒီ ဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အသင်းမှာ ခြေစွမ်းပြခဲ့သလို၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အိုင်ဗရီကို့စ်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် PSG အသင်းက ပြိုင်ဘက်တွေထက် လက်ဦးမှုရရှိအောင် ချဉ်းကပ်ကြိုးပမ်းခဲ့တာဖြစ်ပြီး ကစားသမားနဲ့ သဘော တူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအတွက် လိုက်ပ်ဇစ်အသင်းနဲ့ ဆွေးနွေးသွားတော့မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
30 Jun