“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဆင်နယ်ကစားသမား ၁၅ ဦးစလုံး ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့”

30 Jun

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်းက ကစားသမား ၁၅ ဦး လက်ရွေးစင်အသင်းတွေအတွက် ရွေးချယ်ခံခဲ့ရပြီး ပါဝင်ကစားခဲ့တဲ့ လက်ရွေးစင်အသင်းတွေအားလုံး ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်း၊ ဘိုင်ယန်မြူးနစ်နဲ့ PSG တို့ရဲ့နောက် ကစားသမားများ စတုတ္ထအများဆုံးရွေးချယ်ခံရတဲ့ ကလပ်အသင်းအဖြစ် ဘာစီလိုနာအသင်းနဲ့အတူ ပူးတွဲရပ်တည်ခဲ့ ပါတယ်။ အာဆင်နယ်ကစားသမား အများဆုံးပါဝင်တဲ့အသင်းက အင်္ဂလန်အသင်းဖြစ်ပြီး ဆာကာ၊ ဒက်ကလန်ရိုက်စ်၊ အက်ဇေးနဲ့ မာဒူအေကေတို့ ၄ ဦး ပါဝင်နေတာဖြစ်ပါတယ်။ စပိန်အသင်းမှာ မယ်ရီနို၊ ရာယာနဲ့ ဇူဘီမန်ဒီတို့ ၃ ဦးပါဝင်ပြီး ဘရာဇီးလ်အသင်းမှာ ဂါဘရီယဲလ်နဲ့ မာတင်နယ်လီ တို့ ၂ ဦးပါဝင်နေပါတယ်။ ဂျာမနီမှာ ဟာဗက်ဇ်၊ နော်ဝေမှာ အော်ဒီဂွါ၊ ပြင်သစ်မှာ ဆာလီဘာ၊ ဆွီဒင်မှာ ယော်ကယ်ရက်စ်၊ အီကွေဒေါမှာ ဟင်ကာပီ၊ ဘယ်လ်ဂျီယံမှာ ထရော့ဆက်ဒ်တို့ ပါဝင်နေပါတယ်။ (NVS 008)

30 Jun

ADVERTISE HERE .