“ကာလရှည်အနားယူရမယ့် အူဂါတေ”
30 Jun
မန်ယူအသင်းရဲ့ ဥရုဂွေးကွင်းလယ်ကစားသမား အူဂါတေ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒူးအရွတ်စုတ်ပြဲတဲ့ ACL ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာဖြစ်ပါတယ်။ အူဂါတေ ဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ပထမပိုင်းမှာပဲ ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရတာပါ။ ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ACL ဒဏ်ရာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် အနားယူရမယ့် ကာလအတိအကျကိုတော့ မသိရှိရသေးပါဘူး။ မန်ယူအသင်းက မူလကတည်းက အခုနွေရာသီမှာ ကွင်းလယ်ကို အဓိကအားဖြည့်ဖို့ စီစဉ်ထားပြီး သားဖြစ်ပေမယ့် အူဂါတေရဲ့ ဒဏ်ရာပြဿနာကြောင့် အရေအတွက်ပိုတိုးပြီး ခေါ်ယူရဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ (NVS 008)
30 Jun