“ပါရာဂွေးအသင်းကို ပယ်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဂျာမနီအသင်း”
30 Jun
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်မှာ ဂျာမနီအသင်းဟာ ပါရာဂွေးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပင်နယ်တီကန်သွင်းမှုကနေ ရှုံးထားခြင်းမရှိဘဲ အခုပွဲစဉ်က ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ပါရာဂွေးအသင်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပြီး ဂျာမနီအသင်းက ရှုံးထွက်အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ဂျာမနီအသင်းအနေနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲပြီးနောက် ပြိုင်ပွဲ သုံးကြိမ်ဆက် ရလဒ်ဆိုးတွေ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး အခုကမ္ဘာ့ဖလားမှာလည်း ၃၂ သင်းအဆင့်ကို မကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်ပွဲစဉ်အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီးလ်အသင်းနှင့် ဂျပန်အသင်းတို့ပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိကာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ (NVS 008)