“တွန်းဇံမြို့နယ်မှာ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား/သူ၃,၄၄၆ဦးပညာသင်ကြားနေ”

30 Jun

တွန်းဇံမြို့နယ်မှာ ကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသား/သူ ၃,၄၄၆ ဦးတက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရပါတယ်။ တွန်းဇံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမျိုးမြင့် က ဇွန်လ ၂၇ ရက်မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ တွန်းဇံမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး ၁ ဦး၊ သင်ကြားရေး ဆရာ/မ ၃၀ ဦးနှင့် ပညာရေးဝန်ထမ်း ၅ ဦး၊ စုစုပေါင်း ဝန်ထမ်း ၃၆ ဦးနဲ့ သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား/သူ ၂၆၁ ဦး တက်ရောက်သင်ကြား လျက်ရှိပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းလှပရေးအတွက် မြို့မိမြို့ဖများမှ လုပ်အားပေးဆောင်ရွက်နေမှုများကို တစ်ဦးချင်း ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးခဲ့ကာ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါတယ်။ တွန်းဇံမြို့နယ်မှာ ကျောင်းပေါင်း ၄၄ ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာကျောင်းသား/ကျောင်းသူ ၃,၄၄၆ ဦးတက်ရောက် ပညာသင်ကြားနေပြီ ဖြစ်ပါတယ်။ (NVS 004)

30 Jun

ADVERTISE HERE .