“ခရီးသွားကဏ္ဍဆိုင်ရာ MSMEs လက်ဖက်ရည်စကားဝိုင်းကို ဇွန်လ ၃၀ ရက်မှာ ကျင်းပမည်”

30 Jun

ခရီးသွားကဏ္ဍဆိုင်ရာ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို လာမည့်ဇွန်လ ၃၀ ရက်မှာ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါလက်ဖက်ရည်စကားဝိုင်းမှာ ခရီးသွားကဏ္ဍမှ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်မှာကြုံတွေ့နေရတဲ့ အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး သွားမည်ဖြစ်ပြီး အခုလိုဆွေးနွေးခြင်းနဲ့ သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျင်းပရန်စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ယင်းစကားဝိုင်းများမှ ရရှိလာသည့် ရလဒ်များကိုအခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများ ပါဝင်မည့် ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ကျင်းပသွားမှာဖြစ်သလို ထွက်ပေါ်လာတဲ့ အကြံပြုချက်များနှင့် အချက်အလက်များကို အစီရင်ခံစာအဖြစ်ပြုစုကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ပြီး MSME ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောမူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိနိုင်ရေးတို့ အတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

30 Jun

ADVERTISE HERE .