“လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို မျက်နှာတော်သစ်ပူဇော်၊ အနေကဇာတင်”
30 Jun
တည်ငြိမ်အေးချမ်းလာတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့ကျက်သရေဆောင် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးကို ဇွန်လ ၂၉ ရက်(ပထမဝါဆိုလပြည့်နေ့)မှာ မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူ ခဲ့ကြကြောင်း သိရပါတယ်။ ကြွရောက်တော်မူလာကြတဲ့ ဆရာတော်၊ သံဃာတော်များနှင့်တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော် မြတ်ကြီးကို မျက်နှာတော်သစ်ပူဇော်ကာ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များက အနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များကိုနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)
30 Jun