“ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှု” ခေါင်းစဉ်နဲ့ Short Video ပြိုင်ပွဲ ကျင်းပမည်”

30 Jun

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်နဲ့ Short Video ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအား ဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲက မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသအသီးသီး၏ သဘာဝအလှအပများကို Short Video များမှတစ်ဆင့် ဖော်ထုတ်တင်ဆက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအနေနဲ့ အသေးစိတ်စည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများနှင့် တင်သွင်းရမည့် အချက်အလက် များကို သက်ဆိုင်ရာတာဝန်ရှိဌာန၏ ထုတ်ပြန်ချက်များအတိုင်း ဆက်လက်လေ့လာနိုင်ကြောင်း သိရပါတယ်။ ယင်းပြိုင်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ထူးခြားတဲ့ ခရီးသွားအရင်းအမြစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ် များကို ပြည်တွင်းပြည်ပသို့ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။ (NVS 004)

30 Jun

ADVERTISE HERE .