“ယူကရိန်း၏တိုက်ခိုက်မှုများက ရုရှားနိုင်ငံ၏ထိုးစစ်ကို မရပ်တန့်စေနိုင်ဟုဆို”

30 Jun

ယူကရိန်းနိုင်ငံကလုပ်ဆောင်နေသော တိုက်ခိုက်မှုများက ရုရှားနိုင်ငံ၏ထိုးစစ်ကို မရပ်တန့်စေနိုင်ကြောင်း နှင့် ယူကရိန်းအလိုရှိသည့် အချက်အလက်များအတိုင်း ဆွေးနွေးမှုဆီသို့ ရုရှားနိုင်ငံကို တွန်းအားပေးနိုင်မည် မဟုတ် ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောသည်။ ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံ ၏ အရပ်ဘက်အခြေခံအဆောက်အဦများအပေါ် တိုက်ခိုက်မှုများလုပ်နေခြင်းသည် ပျက်စီးဆုံးရှုံးမှုဖြစ်စေရုံ သာမက ရုရှားပြည်သူများ၏ ယုံကြည်မှုကို ကျဆင်းစေရန်ရည်ရွယ်သည့် သတင်းအချက်အလက် စစ်ဆင်ရေး တစ်ရပ်လည်းဖြစ်ကြောင်း ပူတင်က ဆက်ပြောသည်။ ထို့ပြင် ပျက်စီးသွားသည့် အခြေခံအဆောက်အဦများကို အချိန်တိုအတွင်း ပြန်လည်ပြင်ဆင်နိုင်သည့် အတွက် ရှေ့တန်းတွင်တိုက်ပွဲဝင်နေသော စစ်သည်များအပေါ် သက်ရောက်မှုလုံးဝမရှိကြောင်းနှင့် ရုရှားက လုပ်ဆောင်သည့် လက်တုံ့ပြန်တိုက်ခိုက်မှုများက ပိုမိုပြင်းထန်မှုရှိကြောင်း၊ တစ်ဖက်တွင်မူ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ပူတင်ကပြောသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Jun

ADVERTISE HERE .