“အီရန်နှင့်အမေရိကန်တိုက်ခိုက်မှုရပ်ပြီး ဆွေးနွေးမှုလုပ်ရန် ပြန်လည်သဘောတူ”

30 Jun

အီရန်နှင့်အမေရိကန်တို့ကြား လက်ရှိဖြစ်ပွားနေသည့်တိုက်ခိုက်မှုများကို အချိန်တစ်ခုအထိ ရပ်တန့်ပြီး ဆွေးနွေးမှုများလုပ်ရန် နှစ်နိုင်ငံစလုံးကသဘောတူလိုက်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ Axio သတင်းဌာနက ဇွန်လ ၂၈ ရက်တွင် ဖော်ပြထားသည်။ အဆိုပါနှစ်နိုင်ငံသည် ကာတာနိုင်ငံရှိ ဒိုဟာမြို့၌ ဇွန်လ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးမှုလုပ်မည်ဟု သတင်းဌာနကဖော်ပြထားသော်လည်း အီရန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကမူ ထိုဆွေးနွေးပွဲကို ယခုသီတင်းပတ်အတွင်း ဆောင်ရွက်ရန်အစီအစဉ်မရှိကြောင်း ဇွန်လ ၂၉ ရက်တွင် သတင်းထောက်များကို ပြောသည်။ မကြာသေးမီက နှစ်နိုင်ငံကြား လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များကို အမေရိကန်ဘက်က လိုက်နာခြင်းရှိ၊ မရှိအပါအဝင် ဆွေးနွေးပွဲနှင့်ပတ်သက်သည့်ကိစ္စများကို ကာတာနိုင်ငံမှ တာဝန်ရှိသူများနှင့် တိုင်ပင်နေဆဲဖြစ်ကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ မူလက အဆိုပါ ဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ၌ ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Jun

ADVERTISE HERE .