“အင်္ဂလန်အသင်းသမိုင်းမှာ ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ ဟာရီကိန်း”

29 Jun

အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟာရီကိန်း က အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ ဟာရီကိန်း ဟာ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာ ရဲ့ ၁၀ ဂိုးကို ကျော်ဖြတ်ပြီး ဂိုးအများဆုံး ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားဂိုးအများဆုံးစာရင်းမှာတော့ ဟာရီကိန်း က ဟန်ဂေရီဂန္ထဝင် ကော့ဆစ်၊ ဂျာမနီဂန္ထဝင် ကလင်းစမန်း တို့နဲ့အတူ အဆင့်ရှစ်နေရာမှာ ပူးတွဲရပ်တည်ခဲ့ပါတယ်။ ၎င်းအနေနဲ့ ဒေးဗစ်ဘက်ခမ်းပြီးနောက် ကမ္ဘာ့ဖလားသုံးကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟာရီကိန်း ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၁၆ ပွဲမှာ ၈၂ ဂိုးအထိ သွင်းယူထားပါတယ်။ ဒါ့အပြင် အခုရာသီမှာ ကလပ်နဲ့ နိုင်ငံသွင်းဂိုး ဂိုး ၇၀ ပြည့်ခဲ့ပါတယ်။ (NVS 008)

29 Jun

ADVERTISE HERE .