“စကော့တလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ စတိဗ်ကလက်ခ်”
29 Jun
စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ် ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ခရိုအေးရှား-ဂါနာပွဲအပြီး မိနစ်ပိုင်းအကြာမှာပဲ ကလက်ခ် ရဲ့ နုတ်ထွက် မှုကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကလက်ခ် ရဲ့နုတ်ထွက်မှုကို ကစားသမားတွေကို အသိပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ကလက်ခ် ဟာ စကော့တလန်အသင်းနဲ့ လေးနှစ်စာချုပ်သစ် ချုပ်ဆိုထားတာ တစ်လသာ ရှိပါသေးတယ်။ ကလက်ခ် အနေနဲ့ လွန်ခဲ့တဲ့ခုနစ်နှစ်က စကော့တလန်အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး ၁၉၉၈ ပြိုင်ပွဲကတည်းက ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူ့လက်ထက်မှာ ယူရိုပြိုင်ပွဲ နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ (NVS 008)
29 Jun