“အမေရိကန်ရဲ့ မမျှမတဆက်ဆံမှုခံခဲ့ရတယ်လို့ ဝေဖန်ပြောကြားခဲ့တဲ့ အီရန်အသင်းနည်းပြ ဂါလေနိုအီ”
29 Jun
အီရန်အသင်းနည်းပြ ဂါလေနိုအီ က ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်ရဲ့ မမျှမတဆက်ဆံမှုခံခဲ့ရတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက အနာဂတ်မှာ FIFA အနေနဲ့ ကြားဝင်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမစခင် ခရီးသွားလာခွင့် ပိတ်ပင်မှုတွေနဲ့ အသင်းအခြေစိုက်စခန်းကို အမေရိကန်နိုင်ငံ အရီဇိုးနားကနေ မက္ကဆီကိုနိုင်ငံ တီဟွာနာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။ လော့စ်အိန်ဂျလိစ်မှာကစားတဲ့ နှစ်ပွဲမှာ ဗီဇာအရ ပွဲမတိုင်ခင်ရောက်ရှိလာပြီး အဆိုပါနေ့မှာပဲ ပြန်လည် ထွက်ခွာရပါတယ်။ ဆီယက်တဲလ် မှာတော့ နှစ်ရက်စောစွာ လာရောက်ခွင့်ရခဲ့ပြီး ပွဲပြီးပြီးချင်း တီဟွာနာ ကို ပြန်လည် ထွက်ခွာခဲ့ပါတယ်။ FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ဟာ နယူးဇီလန်နဲ့ပွဲပြီးနောက် အီရန်အသင်းရဲ့ အဝတ်အစားလဲခန်းထဲ သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ (NVS 008)
29 Jun