“ဆွစ်ဇာလန်ဝါရင့်ကွင်းလယ်လူ ချာကာ ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ချဲလ်ဆီးအသင်း”

29 Jun

ချဲလ်ဆီးအသင်းဟာ ဆန်းဒါးလန်းအသင်းက ဆွစ်ဇာလန်ဝါရင့်ကွင်းလယ်လူ ချာကာ ကို ခေါ်ယူဖို့ ဆွေးနွေးနေ ပါတယ်။ ဆန်းဒါးလန်းအသင်းကတော့ အသင်းကစားသမားကို ရောင်းချမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ချာကာ ဟာ ဆန်းဒါးလန်းအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းအသင်း ဥရောပဝင်ခွင့် ရရှိခဲ့ရာမှာ ၎င်းက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ချာကာ ကတော့ လေဗာကူဆင်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ ရှာဘီအလွန်ဆို နဲ့ ပြန်လည်ဆုံစည်းဖို့ ဆန္ဒရှိနေပါတယ်။ ချာကာ ဟာ ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုလည်း မရရှိသေးဘူးလို့ သိရပါတယ်။ (NVS 008)

29 Jun

ADVERTISE HERE .