“ညာနောက်ခံနေရာအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ဝန်ခံခဲ့တဲ့ တူချယ်”
29 Jun
အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ် က ကွမ်ဆာ ဒဏ်ရာရပြီးနောက် ညာနောက်ခံနေရာအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ဝန်ခံခဲ့ပါတယ်။ ကွမ်ဆာ က ရီစီဂျိမ်းစ် တံကောက်ကြောဒဏ်ရာရနေတာကြောင့် ပနားမားနှင့်ပွဲစဉ်မှာ အင်္ဂလန်အသင်း အတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပေမဲ့ ဒုတိယပိုင်းမှာ ကွမ်ဆာ ခြေချင်းဝတ်ဒဏ်ရာရပြီး လူစားလဲခဲ့ရပါတယ်။ တူချယ် နေနဲ့ ညာနောက်ခံနေရာအတွက် ရွေးချယ်စရာအဖြစ် စပန့်နဲ့ ကွန်ဆာတို့ကို စဉ်းစားရတော့မယ့် အခြေအနေ ရောက်ရှိသွားခဲ့တယ်။ ရီးဂျိမ်းစ် နဲ့ ကွမ်ဆာ ဟာ ၃၂ သင်းအဆင့်အတွက် ပါဝင်ကစားဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ (NVS 008)
29 Jun