“မြန်မာ-တရုတ်ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ချုံချင့်မြို့မှာ ဆေးပညာဖလှယ်ရေး အစီအစဉ်ဖွင့်လှစ်”

29 Jun

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် နိုင်ရေးအတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံနှင့် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ပီရှန်းဆေးရုံတို့အကြား ဆေးပညာဖလှယ်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၃ ရက်က ပီရှန်းဆေးရုံမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစီအစဉ်ကို ချုံချင့်နိုင်ငံခြားရေးဌာန၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး(ချုံချင့်မြို့)နှင့် ပီရှန်းဆေးရုံတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး နှစ်နိုင်ငံဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပညာရပ် ဆိုင်ရာဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ အစီအစဉ်အရ မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံမှ ဆေးပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြု များနှင့် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့က ပီရှန်းဆေးရုံမှာ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ခေတ်မီဆေးရုံစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ လေ့လာခြင်းနှင့် ပူးတွဲ လေ့ကျင့်ရေးအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပီရှန်းဆေးရုံနှင့် မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံတို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကျန်းမာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးခဲ့ပြီး ယခုဆောင်ရွက်လျက် ရှိတဲ့ ဆေးပညာဖလှယ် ရေးအစီအစဉ်က နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်း ခိုင်မာစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် မျှော်လင့်ထားကြောင်း သိရပါတယ်။ (NVS 004)

29 Jun

ADVERTISE HERE .