“တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့ အကျဉ်းသား/သူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်”

29 Jun

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ အကျဥ်းသား/အကျဥ်းသူများ အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ကော်မရှင်၏ထုတ်ပြန်ချက်အရ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး၊ မန္တလေးဗဟိုအကျဉ်း ထောင်မှ အကျဉ်းသား ၁၀ ဦးအောင်မြင်ခဲ့ကာ ၎င်းတို့အနက် ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၆ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦးတို့ပါဝင်ကြောင်း သိရပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများဖြစ်သော ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၃ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(မန္တလေး)မှ ၁ ဦး၊ လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ ၄ ဦးတို့လည်းအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူအားလုံးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဂုဏ်ယူဝမ်းမြောက်ကာ အကျဉ်းထောင်များရှိ အကျဉ်းသား/သူများ၊ လူငယ်သင်တန်း ကျောင်းများရှိ ကလေးသူငယ်များနှင့်မသန်စွမ်းကျောင်းများမှ မသန်စွမ်းသူများပညာသင်ယူခွင့် ဆက်လက်ရရှိနိုင်ရေး အတွက် ဆောင်ရွက်ပေးသွားမည်ကို ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (NVS 004)

29 Jun

ADVERTISE HERE .