“ပူတာအိုသို့ နိုင်ငံတော်အစီအစဉ်နဲ့ ပေးပို့တဲ့ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ရောက်ရှိ”
29 Jun
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ်နဲ့ ပေးပို့လာတဲ့ ကျောင်းသုံးဗလာစာအုပ်များ၊ ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ တင်ဆောင်လာသော မော်တော်ယာဉ်များ ပူတာအိုမြို့သို့ ထပ်မံရောက်ရှိခဲ့ပါတယ်။ အဆိုပါကျောင်းသုံးပစ္စည်းများကို မြစ်ကြီးနား–ဆွမ်ပရာဘွမ်–ပူတာအို ပြည်ထောင်စုကားလမ်းမကြီးအတိုင်း သယ်ဆောင်ပို့ဆောင်လာခြင်းဖြစ်ပြီး၊ ရောက်ရှိလာတဲ့ပစ္စည်းများကို သိုလှောင်ရုံမှာ စနစ်တကျထိန်းသိမ်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သိုလှောင်ရုံသို့ ရွှေ့ပြောင်းသယ်ယူရာမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ပညာရေးဌာနနှင့် သစ်တောဦးစီးဌာနတို့မှဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ပစ္စည်းများ သိုလှောင်ရုံသို့ စနစ်တကျ ရောက်ရှိရေးနှင့် ထိန်းသိမ်းထားရှိရေး လုပ်ငန်းစဉ်များကို ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)