“လူစီးရထားပေါ်မှာ မှောင်ခိုပစ္စည်း၊ အခွန်ရှောင်ပစ္စည်းနှင့်ကုန်စည်များသယ်ဆောင်ပါက ဥပဒေအရ အရေးယူမည်”
29 Jun
မြန်မာ့မီးရထားမှပြေးဆွဲလျက်ရှိတဲ့ ခရီးစဥ်အသီးသီး၏ လူစီးရထားများပေါ်၌ မှောင်ခိုပစ္စည်း၊ အခွန်ရှောင် ပစ္စည်းနှင့် ကုန်စည်များသယ်ဆောင်ပါက ဥပဒေအရအရေးယူသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ တရားမဝင်မှောင်ခိုကုန်ပစ္စည်းများ၊ အကောက်ခွန်ရှင်းလင်းထားခြင်းမရှိသော အခွန်ရှောင်ပစ္စည်းများ၊ စီးပွားရေးအရ ရောင်းဝယ်မည့်ကုန်စည်များကို လူစီးတွဲများပေါ်မှာ တင်ဆောင်ခြင်းရှိ/မရှိကို တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များက ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဟု အသိပေးထားပါတယ်။ ထိုသို့စစ်ဆေးစဥ် တားမြစ်ထားသောကုန်ပစ္စည်းများ သယ်ဆောင်လာပါက ယင်းကုန်ပစ္စည်းများကို သိမ်းဆည်းမည်ဖြစ်ကာ ဥပဒေအရအရေးယူသွားဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ (NVS 004)
29 Jun