“မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်မိသားစုဝင် ကျောင်းသား/သူများကို ပညာသင်ဆုချီးမြှင့်မည်”

29 Jun

မြန်မာနိုင်ငံသဘင်အစည်းအရုံးက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့တဲ့ အခက်အခဲရှိသော သဘင်မိသားစုဝင်ကျောင်းသား/သူများကို တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါအစီအစဉ်က သဘင်မိသားစုဝင်သားသမီးများ၏ ပညာရေးအောင်မြင်မှုကို ဂုဏ်ပြုအားပေးရန်နှင့် ပညာရေးဆက်လက်သင်ယူရန် အခက်အခဲကြုံတွေ့နေရသူများကို ထောက်ပံ့ကူညီပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပညာသင်ဆု လျှောက်ထားလိုသူများအနေနဲ့ ကိုယ်ရေးအကျဉ်း၊ သဘင်မျိုးဆက် စစ်မှန်ကြောင်း အထောက်အထား၊ တက္ကသိုလ်ပညာ ဆက်လက်သင်ယူရာတွင် ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖော်ပြထားသော တင်ပြချက်တို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘင်အစည်းအရုံး များမှတစ်ဆင့် သို့မဟုတ် ဗဟိုသဘင်ရုံးသို့ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 004)

29 Jun

ADVERTISE HERE .