“မိုးကုတ်မြို့နယ်မှာ လျှပ်စစ်မီးပြန်လည်ရရှိ”

29 Jun

မိုးကုတ်မြို့နယ်မှာ ဇွန်လ ၂၈ ရက်စတင်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည် ထုတ်လွှတ် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။ မိုးကုတ်မြို့နယ်မှာ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် 66/33/11kV (30+10)MVA မိုးကုတ်ဓာတ်အားခွဲရုံ (နန်းနွဲ့)နှင့် 33/11kV (5)MVA မင်းတံတားဓာတ်အားခွဲရုံ (၂) တို့ရှိ ပျက်စီး/ပျောက်ဆုံးခဲ့တဲ့ ဓာတ်အားဖြန့်ဖြူးရေး ဆိုင်ရာပစ္စည်းကိရိယာများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်အစားထိုး ပြင်ဆင်ပြုပြင်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ဇွန်လ ၂၅ ရက်မှာ ပြန်လည်အစားထိုးပြင်ဆင်ပြုပြင်မှုများ အလုံးစုံပြီးစီး၍ Main ထရန်စဖော်မာ (30)MVA နှင့် sub ထရန်စဖော်မာ(10)MVA အား Float Charge လုပ်ငန်းကိုလည်းအောင်မြင်စွာပြုလုပ်ပြီး ဓာတ်အားရယူဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်ခဲ့မှုများကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြာမြင့်နေပြီဖြစ်သော မိုးကုတ်မြို့နယ်မှာ လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

29 Jun

ADVERTISE HERE .