“ပြင်းထန်သည့်ဒူးဒဏ်ရာကြောင့် အူဂါတေး ကာလရှည်အနားယူရမည်”
28 Jun
မန်ယူအသင်းနှင့် ဥရုဂွေးအသင်း ကွင်းလယ်ကစားသမား အူဂါတေး ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဥရုဂွေးနှင့် စပိန်အသင်းတို့ပွဲစဉ်တွင် ပြင်းထန်သည့်ဒူးဒဏ်ရာ ရရှိခဲ့လို့ ကာလရှည်အနား ယူရမည်ဖြစ်ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဥရုဂွေးအသင်းက စပိန်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် အူဂါတေး က ပွဲချိန် ၄၅ မိနစ်တွင် ပြင်းထန်သည့်ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် ဥရုဂွေးအသင်းဆေးအဖွဲ့က ထမ်းစင်ဖြင့် ကွင်းပြင်ပသို့ သယ်ထုတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ မန်ယူအသင်းက အူဂါတေး ကို လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန် စီစဉ်ထားသော်လည်း လက်ရှိတွင် ၎င်းအနေဖြင့် ကာလရှည်အနားယူရမည့် အခြေအနေကြောင့် ခေါ်ယူမည့်အသင်း မရှိနိုင်တဲ့အတွက် မန်ယူအသင်းက လာမည့်နှစ်ဘောလုံးရာသီတွင် အူဂါတေး ကို အသင်း၌ဆက်လက် ထိန်းသိမ်း ထားရမှာဖြစ်ပါတယ်။(NVS 008)