“ရီးရဲလ်မက်ဒရစ်အသင်းက အန်ဇိုဟာနန်ဒက်ဇ် ကိုခေါ်ယူရန် ဆွေးနွေး”
28 Jun
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ် ကိုခေါ်ယူရန် ဆွေးနွေးလျက်ရှိပါတယ်။ အသက် ၂၅ နှစ်အရွယ် အန်ဇိုဖာနန်ဒက်ဇ် ဟာ ချဲလ်ဆီးအသင်းနှင့်အတူ ၂ဝ၂၂-၂၀၂၃ မှ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၁၆၉ ပွဲကစားပြီး ၃၁ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် ဆွေးနွေးလာခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ် ကိုယ်တိုင်ကလည်း ချဲလ်ဆီးအသင်းတွင် ဆက်ဆံရေးအဆင်မပြေ ဖြစ်နေခြင်းကြောင့် အသင်းမှထွက်ခွာလိုနေတာဖြစ်ပါတယ်။(NVS 008)
28 Jun