“အေစီမီလန်အသင်းက ပီအက်စ်ဂျီအသင်းမှ ရာမို့စ်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆ဝ ဖြင့် ခေါ်ယူ”

28 Jun

အေစီမီလန်အသင်းက လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီအသင်းမှ တိုက်စစ်မှူး ရာမို့စ် ကို ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း ၆၀ ဖြင့်ခေါ်ယူခဲ့ကြောင်း Fotmob သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အေစီမီလန်အသင်းက ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့်လွဲချော်ခဲ့ပြီးနောက် အသင်းကို အပြောင်းအလဲများလုပ်ဆောင်နေပြီး အသင်းနည်းပြသစ်အဖြစ် မန်ယူအသင်းနည်းပြဟောင်း အမိုရင် ကို ခန့်အပ်ခဲ့ကာ ထိပ်တန်းကစားသမားများကို ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ရာမို့စ် အနေနဲ့ ဘင်ဖီကာအသင်းတွင်ကစားခဲ့စဉ်က ထိပ်တန်းအဆင့်ရှိ ခြေစွမ်း ပြသခဲ့သော်လည်း ၂၀၂၃ ခုနှစ်က ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ် လက်အောက်တွင် ပွဲကစားခွင့်ရရှိရန် ရုန်းကန်နေရတဲ့အတွက် လက်ရှိနွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

28 Jun

ADVERTISE HERE .