“မန်ယူအသင်းက အက်သလက်တီကိုအသင်းမှ အယ်ဗာရက် အားခေါ်ယူရန် ကြိုးပမ်းနေ”

28 Jun

လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းမှထွက်ခွာရန် တောင်းဆိုထား သည့် တိုက်စစ်ကစားသမား အယ်ဗာရက် အားခေါ်ယူရန် ကြိုးပမ်းနေသည့်အသင်းများတွင် မန်ယူအသင်းလည်း ပါဝင်လာကြောင်း သိရပါတယ်။ အယ်ဗာရက် ဟာ ၂၀၂၄ ခုနှစ်က မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ကစား ပြီးနောက် အသင်းနှင့်အတူ နှစ်ရာသီဆက် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း အသင်း၌ မပျော်မရွှင်ဖြစ်နေခဲ့လို့ လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် တောင်းဆိုမှုများ လုပ်ဆောင်ထားခြင်း ဖြစ်ပါတယ်။ အစောပိုင်းက အယ်ဗာရက် အနေနဲ့ ဘာစီလိုနာအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ဘာစီလိုနာအသင်းရဲ့ ငွေကြေးပိုင်းအခက်အခဲများကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အယ်ဗာရက် ကို ပီအက်စ်ဂျီနှင့် အာဆင်နယ်အသင်းတို့က ခေါ်ယူရန်ကြိုးပမ်းနေပြီး ယခုအခါ မန်ယူအသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိပြီးနောက် အယ်ဗာရက် အားခေါ်ယူ၍ အင်အားဖြည့်တင်း လိုနေကြောင်း သိရပါတယ်။(NVS 008)

28 Jun

ADVERTISE HERE .