“၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၂ လအတွင်း ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၄,၀၀၀ ရရှိ”

28 Jun

လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ မေလအထိ ၂ လအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၄,၀၀၀ ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ ဧပြီ၊ မေ နှစ်လတာအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ မက်ထရစ်တန် ၁၆၂ ဒသမ ၈ တန်အထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့ပြီး တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့ကိုပါ တင်ပို့လျက်ရှိပါတယ်။ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့်လည်း နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာ ပျားရည်၊ ရော်ဘာပျားရည်၊ လိုင်ချီးပျားရည် တို့ကို ထုတ်လုပ်ပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှု များသလို ပြည်ပနိုင်ငံများသို့လည်း ပျားရည်တင်ပို့မှုမှ နိုင်ငံခြားငွေများ နှစ်စဉ်ရရှိနေကြောင်းသိရပါတယ်။(NVS 004)

28 Jun

ADVERTISE HERE .