“သက်ကြီးဂီတပညာရှင်များကို (၁၆)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကျင်းပ၊ နိုင်ငံတော်သမ္မတနှင့်ဇနီး မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း”
28 Jun
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန်တော့ ပွဲကို ဇွန်လ ၂၇ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၌ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ပေးအပ်လှူဒါန်း ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ပါတယ်။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလှူငွေကျပ် ၁၅၈ သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အလှူငွေကျပ် ၅ သိန်းတို့ အပါအဝင် အလှူငွေကျပ်သိန်း ၃၀၀ ကျော်နှင့် အလှူပစ္စည်းများကို အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် များ၊ ကန်တော့ခံသက်ကြီးဂီတပညာရှင်များနှင့် ဂီတ၊ ရုပ်ရှင်၊ စာပေ၊ သဘင်မှ ဖိတ်ကြားထားသူများနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။(NVS 004)