“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်းရှုံးထွက်အဆင့်တွင် ဘရာဇီးအသင်းနှင့် ဂျပန်အသင်းတို့တွေ့ဆုံ”
27 Jun
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၃၂ သင်း ရှုံးထွက်အဆင့်တွင် ဘရာဇီးနှင့် ဂျပန်အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အုပ်စုပွဲစဉ်အချို့ ပြီးဆုံးခဲ့ပြီး အုပ်စုအနည်းငယ်သာ ဆက်လက် ကစားရန် ကျန်ရှိပါတယ်။ ဘရာဇီးအသင်းက အုပ်စု(C)တွင် အုပ်စုသုံးပွဲကစားခဲ့ရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ခုနစ်မှတ်ရရှိကာ အုပ်စုပထမဖြင့် ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ပြီး ဂျပန်သင်းက အုပ်စု(F)တွင် အုပ်စုပွဲစဉ် သုံးပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ ရမှတ်ငါးမှတ်ရရှိခဲ့ပြီး အုပ်စုဒုတိယဖြင့် ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဘရာဇီးနှင့် ဂျပန်အသင်းတို့ ပြိုင်ပွဲစုံခုနစ်ပွဲ တွေ့ဆုံခဲ့ရာ သရေရလဒ်မရှိခဲ့ဘဲ ဘရာဇီးအသင်းကခြောက်ကြိမ် အနိုင်ရရှိခဲ့ကာ ဂျပန်အသင်းကတစ်ကြိမ် အနိုင်ရရှိခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၃၂ သင်း ရှုံးထွက် အဆင့်ပွဲစဉ်အဖြစ် ဇွန်လ ၂၉ ရက်တွင် ဘရာဇီးအသင်းနှင့် ဂျပန်အသင်းတို့ ကစားရမှာဖြစ်ပါတယ်။(NVS 008)