“နောက်ခံလူ ဟင်ကာပီ အာဆင်နယ်သို့ အပြီးသတ်ပြောင်းရွှေ့”

27 Jun

ပြီးခဲ့တဲ့ရာသီအတွင်း အာဆင်နယ်အသင်းမှာ အငှားဖြင့်ကစားခဲ့တဲ့ အီကွေဒေါနောက်ခံလူ ဟင်ကာပီ ဟာ ပေါင် ၃၄ ဒသမ ၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီလို့ လေဗာကူဆင်အသင်း အတည်ပြုလိုက်ပါတယ်။ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ ဟင်ကာပီ ကို အငှားခေါ်ယူစဉ် ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းက ဟင်ကာပီ ကို အပြီးသတ်ခေါ်ယူဖို့ အတည်ပြုလိုက်ပြီး ၂၀၃၁ ခုနစ်အထိ သက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဟင်ကာပီ ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းခံစစ်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပေးနိုင်ခဲ့သလို ဝင်ကစားခွင့်ရတဲ့အချိန်တွေမှာလည်း ခြေစွမ်းပြနိုင် ခဲ့ပါတယ်။(NVS 008)

27 Jun

ADVERTISE HERE .