“ပြင်သစ်အသင်းက ဒမ်ဘီလီ ရဲ့ သွင်းဂိုးတွေနဲ့ နော်ဝေအသင်းကို ဂိုးပြတ်အနိုင်ရ”

27 Jun

နော်ဝေနဲ့ ပြင်သစ်အသင်းတို့ပွဲစဉ်မှာ တိုက်စစ်ကစားသမား ဒမ်ဘီလီ ရဲ့ သွင်းဂိုးတွေနဲ့ ပြင်သစ်အသင်းက လေးဂိုး၊ တစ်ဂိုး ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ နော်ဝေအသင်းက အဓိကကစားသမားတွေကို အနားပေးခဲ့ပြီး အရန်ကစားသမားတွေကိုသာ အသုံးပြုခဲ့လို့ ပြင်သစ်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်အတွင်း ပြင်သစ်အသင်းရဲ့ ဂိုးပေါက် ကန်သွင်းမှု ၁၈ ကြိမ်မှာ ဂိုးပေါက်တည့်ကန်ချက် ၉ ကြိမ်ရှိခဲ့ပြီး သွင်းဂိုး ၄ ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပွဲစဉ်ပထမပိုင်း ၇ မိနစ်မှာ ဒမ်ဘီလီ က ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မိနစ် ၂၀ နဲ့ ၃၂ မိနစ်တို့မှာ ဂိုးများသွင်းယူပြီး ဟက်ထရစ်ရရှိခဲ့ပါတယ်။ ပွဲစဉ်ပထမပိုင်းအတွင်း သွင်းယူနိုင်တဲ့ ၎င်းဟက်ထရစ် ဂိုးကြောင့် ကမ္ဘာ့ဖလားသမိုင်းမှာ ဒုတိယအမြန်ဆုံး ဟက်ထရစ်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် စတုတ္ထမြောက်ဂိုးကို ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ ဒူအီ က သွင်းယူပေးခဲ့ပြီး နော်ဝေ အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၁ မိနစ်မှာ အက်စ်ဂတ်ဒ် က သွင်းယူပေးခဲ့ပါတယ်။(NVS 008)

27 Jun

ADVERTISE HERE .