“မန်ယူအသင်းက ဂိုးသမား အိုနာနာ ကို အငှားထပ်ချရန်နီးစပ်နေ”

27 Jun

မန်ယူအသင်းက ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာ ကို ထရက်ဇွန်စပေါ်အသင်းထံ အငှားထပ်ချနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းအနေနဲ့ အိုနာနာ ကို ၂၀၂၃ နွေရာသီမှာ အင်တာမီလန်အသင်းထံက ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၃ ဒသမ ၈ သန်းနဲ့ ခေါ်ယူခဲ့ပြီး ပထမဆုံးနှစ်ရာသီမှာ အသင်းရဲ့အဓိကဂိုးသမားအဖြစ် နေရာပေးခဲ့ပေမဲ့ အမှားများခဲ့တာကြောင့် ၂၀၂၅ နွေရာသီမှာ ထရက်ဇွန်စပေါ်အသင်းထံသို့ အငှားချခဲ့တာဖြစ်ပါတယ်။ အိုနာနာ က လက်ရှိအချိန်မှာ အငှားစာချုပ်သက်တမ်း ကုန်သွားပြီဖြစ်လို့ မန်ယူအသင်းထံ ပြန်ရောက် လာခဲ့ပါတယ်။ နည်းပြ ကာရစ် ရဲ့ ရာသီသစ်စီမံကိန်းမှာ ပါဝင်ခြင်းမရှိလို့ ထပ်မံအငှားချဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ထရက်ဇွန်စပေါ်အသင်းကလည်း အိုနာနာ ကို အငှားထပ်ခေါ်ဖို့ ဆန္ဒရှိနေလို့ သဘောတူညီမှုရရှိဖို့ နီးစပ်နေ ပါတယ်။ မန်ယူအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အိုနာနာ ကို ထရက်ဇွန်စပေါ်အသင်းက ယခုတစ်ကြိမ် အငှားစာချုပ်သက်တမ်းပြည့်ပြီးပါက အပြီးသတ်ခေါ်ယူဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

27 Jun

ADVERTISE HERE .