“မန်စီးတီးအသင်းက အန်ဒါဆန် ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူရန် သဘောတူညီမှုရရှိ”
27 Jun
မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အန်ဒါဆန် ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက အန်ဒါဆန်အတွက် (၃)ကြိမ်မြောက်ကမ်းလှမ်းမှုကို နော်တင်ဟမ်ဖောရက်စ်အသင်းက သဘောတူလက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဒီကလန်ရိုက်စ် ရဲ့ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၀၅ သန်းကိုကျော်ဖြတ်ပြီး စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဗြိတိန်ကလပ်အသင်းရဲ့ တန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် စံချိန်တင်ထားရှိမှုက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် ကို လီဗာပူးလ်အသင်းက ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၎င်းစံချိန်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အန်ဒါဆန် အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်နေတာကြောင့် မန်စီးတီးအသင်းက ဆေးစစ်မှုကို အမေရိကန်မှာပဲ ပြုလုပ်ဖို့စီစဉ်ထားကြောင်း သိရပါတယ်။(NVS 008)