ကုန်ဈေးနှုန်းသတင်း ၂၆.၆.၂၀၂၆
26 Jun
ဇွန်လ ၂၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ အာလူးဈေးတွေ အနည်းငယ် တက်လာပြီး အခြားပဲအများစုနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ကြက်သွန်နီဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၀,၈၆၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၀,၆၆၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၂၅၀ ကျပ်ကနေ ၅,၂၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၀၀၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာ ကို ၄,၂၅၀ ကျပ်ကနေ ၆,၅၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၄၁၅ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၃၈၅ ကျပ်ကနေ ၁၁,၅၀၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၂၁၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၁,၈၂၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာ ကို ၇,၁၆၅ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၂,၈၀၀ ကျပ်ကနေ ၃,၉၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၁,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂,၂၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၁၁,၀၀၀ ကျပ်ကနေ ၂၈,၀၀၀ ကျပ်၊ ငါးနှပ်ခြောက်(ကြီး/လတ်/သေး) တစ်ပိဿာကို ၃၃,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၉၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၈၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၆၅ ကျပ်၊ မန္တလေးမှာ ၃,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၇၂၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၆၉၅ ကျပ်၊ မန္တလေး မှာ ၃,၈၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၈၀၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၅၃၅ ကျပ်၊ မန္တလေးမှာ ၃,၆၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၆၃၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၁၉၀ ကျပ်၊ မန္တလေးမှာ ၄,၃၄၅ ကျပ်၊ နေပြည်တော်မှာ ၄,၂၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၉,၇၈၀,၀၀၀ိ/-) ကိုးဆယ် ခုနစ်သိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။