“ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံးအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အိုချူအာ”

26 Jun

မက္ကဆီကိုအသင်းဝါရင့်ဂိုးသမား အိုချူအာ ဟာ နိုင်ငံလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံးအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ အိုချူအာ ဟာ ချက်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပွဲချိန် ၇၈ မိနစ်တွင် လူစားဝင်လာခဲ့ပြီး အသက် ၄၀ နှစ် ၃၄၆ ရက်နဲ့ အသက်အကြီးဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အိုချူအာ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြောက်ကြိမ် ဆင်နွှဲခဲ့ဖူးတဲ့ ပထမဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာ ဝင်ကစားခွင့်မရဘဲ ၂၀၁၄၊ ၂၀၁၈နဲ့ ၂၀၂၂ ပြိုင်ပွဲတွေမှာတော့ အသင်းရဲ့နံပါတ်တစ်ဂိုးသမား ဖြစ်ခဲ့ပါတယ်။ အိုချူအာ ဟာ အခုပြိုင်ပွဲမှာ အရန်ဂိုးသမားသာ ဖြစ်နေခဲ့ပြီး ချက်နဲ့ပွဲမတိုင်ခင် သူ့ကိုပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် နည်းပြဖြစ်သူက လူစားဝင်သာ ကစားစေခဲ့ပါတယ်။ အိုချုအာ ဟာ ကစားသမားဘဝမှာ ကမ္ဘာ့ဖလား ပွဲပေါင်း ၁၁ ပွဲ ရှိလာခဲ့ပါတယ်။ (NVS 008)

26 Jun

ADVERTISE HERE .