“မန်ယူအသင်းနဲ့ နယူးကာဆယ်ဂိုးသမားဟောင်း ဒူဘရေကာ ကို ခေါ်ယူခဲ့တဲ့ စပါးအသင်း”

26 Jun

စပါးအသင်းဟာ မန်ယူအသင်းနှင့် နယူးကာဆယ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ချက်ဝါရင့်ဂိုးသမား ဒူဘရေကာ ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒူဘရေကာ ဟာ ပြီးခဲ့တဲ့ရာသီက တန်းဆင်းသွားတဲ့ ဘန်လေအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၃၅ ပွဲ ကစားခဲ့ပါတယ်။ ဒူဘရေကာ နဲ့ ဘန်လေအသင်းစာချုပ်က ဇူလိုင်လ ၁ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒူဘရေကာ ဟာ စပါးအသင်းနည်းပြ ဒီဇယ်ဘီ လက်ထက် စတုတ္ထမြောက် ကစားသမားသစ်ခေါ်ယူမှု ဖြစ်လာခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ဘုန်းမောက်နောက်ခံလူတွေဖြစ်တဲ့ ရောဘတ်ဆန်၊ ဆယ်နယ်ဆီ တို့ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရရှိခဲ့ပါတယ်။ စပါးအသင်းဟာ ဘရိုက်တန်အသင်းက ဒတ်ချ်လူငယ်နောက်ခံလူ ဗန်ဟက်ကယ် တစ်ဦးကိုသာ ပေါင် ၅၂ သန်း ပေးခဲ့ရပါတယ်။ ဒူဘရေကာ ရောက်လာပြီးနောက် ယခင်နံပါတ်တစ်ဂိုးသမား ဗစ်ကာရီယို မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ (NVS 008)

26 Jun

ADVERTISE HERE .