“အဝါကတ်ထိထားတဲ့ ကစားသမားလေးယောက်ကို အနားပေးမယ့် အမေရိကန်အသင်း”
26 Jun
အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနို က အသင်းမှာ အဝါကတ်ထိထားတဲ့ ကစားသမား လေးယောက်ကို အုပ်စုနောက်ဆုံးပွဲမှာ အနားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်အသင်းက အုပ်စုပထမနေရာ ရရှိထားတာဖြစ်ပြီး တူရကီအသင်းကလည်း အုပ်စုကနေ ထွက်ထားရလို့ အုပ်စုရပ်တည်မှုကို ဘယ်လိုမှ သက်ရောက်မှု မရှိနိုင်တော့တာ ဖြစ်ပါတယ်။ ပိုချက်တီနို က အဝါကတ်ထိထားတဲ့ ကစားသမားလေးယောက်ကို ၃၂ သင်းအဆင့်မှာ ပွဲပယ်မခံရနိုင်ရေး အနားပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အသင်းမှာ ကွင်းလယ်လူ တိုင်လာအဒမ်စ်၊ တိုက်စစ်မှူး ဘာလိုဂန်၊ နောက်ခံလူတွေဖြစ်တဲ့ ခရစ္စရစ်ချတ်စ် နဲ့ ရော်ဘင်ဆင်တို့ အဝါကတ်ပြသခံထားရတာ ဖြစ်ပါတယ်။ အဆိုပါကစားသမားတွေအားလုံးကို အရန်ခုံထိုင်ခိုင်းထားမှာဖြစ်ပြီး ပွဲအတွင်းမှာ လူစားဝင်ကစားခိုင်းမယ့် အစီအစဉ်မရှိတော့တာ ဖြစ်ပါတယ်။ ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်းအဝါကတ်ထိသူတွေကို ရှုံးထွက်အဆင့်အထိ မသယ်ဆောင်ဘဲ ပယ်ဖျက်ပေးမှာ ဖြစ်ပါတယ်။ (NVS 008)