“FIFA အနေနဲ့ Hydration Break တွေက သီးခြားဝင်ငွေမရရှိကြောင်း ပြောကြားခဲ့တဲ့ အင်ဖန်တီနို”

26 Jun

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက FIFA အနေနဲ့ Hydration Break များက သီးခြားဝင်ငွေ မရရှိကြောင်း ပြောကြားခဲ့ပါတယ်။ အင်ဖန်တီနို က Hydration Break တွေဟာ အားကစားကိစ္စသက်သက်သာ ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးမှာ အပူဒဏ်ကာကွယ်နိုင်ဖို့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ သုံးမိနစ် Hydration Break ပေးဖို့ ညွှန်ကြားထားပေမဲ့ လက်ရှိမှာတော့ တချို့ပွဲတွေမှာ Hydration Break မလိုအပ်ဘဲ ပေးနေရတယ်လို့ ယူဆမှုတွေရှိလာခဲ့ပြီး ဝေဖန်မှုတွေ ခံနေရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းနည်းပြတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေက Hydration Break ကို ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံအများအပြားက ရုပ်သံလွှင့်သူတွေဟာ Hydration Break ပေးချိန်မှာ ကြော်ငြာတွေ ပြသနေခဲ့ပါတယ်။ အင်ဖန်တီနို က Hydration Break မလိုအပ်တဲ့ ပွဲတွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင်အသင်းအားလုံး တန်းတူအခွင့်အရေးပေးချင်လို့ဆိုတဲ့ အကြောင်းပြချက် ပေးခဲ့ပါတယ်။ (NVS 008)

26 Jun

ADVERTISE HERE .