“ဟော်မုရေလက်ကြား ဖြတ်သန်းခကောက်ခံရေးနှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား အချင်းများမှု ဖြစ်ပွား”

26 Jun

ဟော်မုရေလက်ကြား ဖြတ်သန်းခကောက်ခံရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား အချင်း များမှု ဖြစ်ပွားကြောင်း သိရသည်။ အီရန်က ဟော်မုရေလက်ကြားမှဖြတ်သန်းသည့် ကုန်သွယ်သင်္ဘောများကို ဖြတ်သန်းခကောက်ခံရန် လုပ်ဆောင်မှုအပေါ် အမေရိကန်ဘက်က ကန့်ကွက်ခြင်းဖြစ်သည်။ အီရန်အနေဖြင့် ရေလက်ကြားဖြတ်သန်းခွင့်ကို ကောက်ခံခွင့်မရှိကြောင်း အမေရိကန်ဘက်ကပြောထားစဉ် အီရန်ဘက်က ၎င်းတို့ ပေးထားသည့်ဝန်ဆောင်မှုအတွက် ဖြတ်သန်းခကောက်ခံခွင့်ရှိကြောင်း ပြောခြင်းဖြစ်သည်။ အမေရိကန်နှင့်အီရန်တို့ကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်အရ ရက်ပေါင်း ၆၀ ကျော်လွန်ပြီးသည့် နောက်ပိုင်းတွင် အီရန်က ဟော်မုရေလက်ကြား ဖြတ်သန်းခကောက်ခံရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် အီရန်၏အစီအစဉ်ကို အမေရိကန်က လက်မခံနိုင်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းက အီရန်နှင့်အိုမန်တို့ကြား ရေပိုင်နက်ကို ရာနှုန်းပြည့်ပိုင်းခြားလိုက်ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Jun

ADVERTISE HERE .