“နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးနှင့် အာဆီယံ–အိန္ဒိယစီးပွားရေးစင်္ကြံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် အိန္ဒိယသံအမတ်ကြီး ဆွေးနွေး”

26 Jun

ဒုတိယသမ္မတ ဦးညိုစော က ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနှင့် အာဆီယံ–အိန္ဒိယ စီးပွားရေး စင်္ကြံကိုအထောက်အကူပြုမည့် စီမံကိန်းများအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်မှု ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ဘဏ်လုပ်ငန်းစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေးအပါအဝင် ဘက်စုံကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

26 Jun

ADVERTISE HERE .