“Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမပါသော လျှောက်လွှာပေါ်ရှိ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့ကြောင်း AYA Bank ထုတ်ပြန်”

26 Jun

AYA Bank မှာ အသုံးပြုတဲ့ Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမပါသော လျှောက်လွှာပေါ်ရှိ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ၎င်းဘဏ်မှ ဇွန်လ ၂၅ ရက်နေ့လယ်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ Portal မှာ ဘဏ်၏ Core Banking System/ AYA Pay System/ Card System အစရှိသော ပင်မစနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားမှုမရှိတဲ့အပြင် အခြား Systems များအား (လုံးဝ)ထိခိုက်မှုမရှိတဲ့အတွက် AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များကိုလည်း ပုံမှန်အတိုင်း စိတ်ချလုံခြုံမှုအပြည့်နဲ့ ဆက်လက်အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် AYA Bank သုံးစွဲသူများ၏ အချက်အလက်လုံခြုံရေးကို အမြဲတမ်းဦးစားပေးဆောင်ရွက်ခဲ့ပေမယ့် ယခုဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်အတွက် AYA Bank သုံးစွဲသူများ စိတ်အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက အနူးအညွတ်တောင်းပန်ထားပြီး AYA Bank ၏ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကို တိုးမြှင့်ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် AYA Bank သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ (လုံးဝ)ဘေးကင်းလုံခြုံစွာ ရှိနေပါကြောင်းနှင့် AYA Bank ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ဆက်လက် အသုံးပြုနိုင်တယ်လို့ AYA Bank မှ အသိပေးကြေညာထားပါတယ်။ (NVS 004)

26 Jun

ADVERTISE HERE .