“လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများကို အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများစေလွှတ်ရေး ဆွေးနွေး”

26 Jun

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ဇွန်လ ၂၄ ရက်က နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မပျက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများကို အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး၊ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့်ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရပါတယ်။ (NVS 004)

26 Jun

ADVERTISE HERE .