“ဇွန်လ ၂၈ ရက်မှာ သုခဒဂုံအိမ်ရာမှအခန်းများအတွက် မဲနှိုက်ပေးမည်”
26 Jun
ရန်ကုန်တိုင်းဒေသကြီး၊ သုခဒဂုံပြည်သူ့အဌားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် ၃ လုံးမှ အခန်း ၄၈ ခန်းနှင့် စည်းကမ်းပျက်၍ ပြန်လည်သိမ်းဆည်းထားသောအခန်းများကို ဇွန်လ ၂၈ ရက်နံနက် ၁၀ နာရီမှာ တန်းစီဇယားအလိုက် မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွက်တစ်လုံး၊ ပညာရေးဝန်ထမ်းများအတွက်တစ်လုံး၊ ဌာနစုံအတွက် တစ်လုံးဖြစ်ရာ မဲနှိုက်ခွင့်ရသူများကို ဒဂုံ(မြောက်)ထွေ/အုပ်ရုံးနှင့်သက်ဆိုင်ရာဦးစီးဌာနများသို့အသိပေးသွားမှာဖြစ်ပြီး အချို့ဌာနများမှဝန်ထမ်းများကို ဖုန်းဖြင့်ဆက်သွယ်အသိပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
26 Jun