“ရန်ကုန်မြို့တော်အတွင်း လမ်းမများနှင့် ယာဉ်ရပ်နားရာနေရာများ၌ အတားအဆီးချသူများအား ထိရောက်စွာ အရေးယူမည်”
25 Jun
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းမများနှင့် ယာဉ်ရပ်နားနိုင်တဲ့ နေရာများတွင် အတားအဆီးများချထားခြင်းပြုလုပ်သူများကို စည်ပင်ဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရပါ တယ်။ ရန်ကုန်မြို့တော်အတွင်းရှိ အမည်တပ်လမ်းမကြီးများနှင့်နံပါတ်တပ်လမ်းများပေါ်တွင် ပုံသဏ္ဌာန်အမျိုးမျိုး ဖြင့် ချထားသည့် အတားအဆီးများ၊ ပုဂ္ဂလိကများကလမ်းပေါ်တွင် အတားအဆီးများချထားခြင်းများ စသည်တို့နှင့် ပတ်သက်၍ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၁၅ အရ အများပြည်သူဆိုင်ရာ လမ်းများပေါ်မှာ ယာဉ်ရပ်နားတာ သို့မဟုတ် ယာဉ်သွားလာတာကို အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်လိုအတားအဆီးမျိုးကိုမဆို ပြုလုပ်ခြင်း မရှိစေရလို့ ပြတ်ပြတ်သားသား တားမြစ်ထုတ်ပြန်ထားပါတယ်။ လက်ရှိတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကို ဖယ်ရှားရှင်းလင်းခြင်းများ အစဉ်တစိုက်ဆောင်ရွက်နေသော်လည်း အချို့နေရာများတွင် ပြန်လည်ချထားသည်ကို စိစစ်တွေ့ရှိနေရခြင်းကြောင့် ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈) ပါ ပြဋ္ဌာန်း ချက်များအတိုင်း ခြွင်းချက်မရှိ ထိရောက်စွာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားကြောင်း သိရပါတယ်။ (NVS-004)