“ယခုဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၀,၀၀၀ ကျော် ရရှိထား”
25 Jun
ယခုဘဏ္ဍာနှစ် ဧပြီလနှင့်မေလ နှစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၀,၀၀၀ ကျော် ရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေး ဌာနခွဲမှ သိရပါတယ်။ အဆိုပါနှစ်လတာကာလအတွင်း ပြည်ပကို ပျားရည်တင်ပို့မှုအနေနဲ့ ပုဂ္ဂလိကကဏ္ဍကနေ မက်ထရစ်တန်ချိန် ၁၆၂ ဒသမ ၈ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၄ သန်း ရရှိခဲ့ပါတယ်။ တင်ပို့မှုအများဆုံးနိုင်ငံမှာ ဂျပန်နိုင်ငံသို့ တင်ပို့ခြင်း ဖြစ်ပါတယ်။ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည် စသည်တို့ကို ထုတ်လုပ်ပြီး ပျားရည်ကို ပြည်တွင်း၌ဆေးဝါးအဖြစ် အသုံးပြုမှု များသကဲ့သို့ ပြည်ပနိုင်ငံများဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့်တရုတ်နိုင်ငံတို့သို့ တင်ပို့ကာ ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့မှုမှ နှစ်စဉ်နိုင်ငံခြားငွေရရှိကြောင်း သိရပါတယ်။ (NVS-004)