“MSME (World MSME Day) နေ့အထိမ်းအမှတ်အနေနဲ့ ဆွေးနွေးပွဲကျင်းပမည်”

25 Jun

ယခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ကျရောက်မည့် MSME (World MSME Day) နေ့အထိမ်းအမှတ်အနေနဲ့ “The Future Generation of MSMEs" (အနာဂတ် မျိုးဆက်သစ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဆုံးဖြတ်ချက်အရ ဇွန်လ ၂၇ ရက်ကို MSME (World MSME Day) နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယခုနှစ်မှာ (၁၀) ကြိမ်မြောက်အဖြစ် ဆွေးနွေးပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC - 1) ၌ ကျင်းပသွားမှာ ဖြစ်ပါ တယ်။ အဆိုပါ ဆွေးနွေးပွဲအခမ်းအနားတွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ MSME အေဂျင်စီများ၏ MSME ဖွံ့ဖြိုးရေးဆိုင်ရာပြခန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ရာ စိတ်ပါဝင်စားတဲ့ပြည်သူများ လာရောက်ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။ စက်မှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေနဲ့ MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းလုံးတွင် အလုပ်အကိုင်ကောင်းမွန်စွာ ဖန်တီးပေးနိုင်သည့် အဓိက အရင်း အမြစ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင်ရှိနေစေရန်၊ လူငယ်များနှင့်လုပ်ငန်း ရှင်များ၏ တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုကို ဖော်ထုတ်ပေးနိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ချဲ့ထွင် မှုကို အသေးစားလုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းနှင့်နိုင်ငံတကာဈေးကွက်များအထိ တိုးတက်ကြီးထွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေရှည်တည်တံ့နိုင်သော စီးပွားရေးအလေ့အကျင့်ကောင်းများနှင့် တာဝန်ယူ မှုရှိသော ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ကမ္ဘာ့လုပ်ငန်းရှင်များအကြား ပျံ့နှံ့သွားစေရန်၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များ(SDGs)အောင်မြင်စေရန်အတွက် MSME လုပ်ငန်းများ၏ အရေးပါပုံကို ပြည်သူ တစ်ရပ်လုံး ပိုမိုသိရှိနားလည်လာစေရန် အစရှိတဲ့ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

25 Jun

ADVERTISE HERE .