“Intertextile Shanghai Apparel Fabrics -Autumn Edition ပြပွဲ၌ ပါဝင်ပြရန် မြန်မာအထည်ချုပ်လုပ်ငန်းရှင် များအား ဖိတ်ခေါ်”
25 Jun
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်မည့် Intertextile Shanghai Apparel Fabrics -Autumn Edition ပြပွဲတွင် ပါဝင်ပြသလိုတဲ့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) ထံမှ သိရပါတယ်။ အဆိုပါပြပွဲကို ၂ဝ၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ ၂၇ ရက် အထိ ရှန်ဟိုင်းမြို့ရှိ National Exhibition and Convention Center တွင် ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ အထည်အလိပ်နှင့်ဖက်ရှင်လုပ်ငန်းဆိုင်ရာ လုပ်ငန်း ရှင်များ တက်ရောက်ပြသွားမှာဖြစ်ပါတယ်။ လာရောက်ပြသကြမည့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း နှင့် ပြပွဲစီစဉ်သူများ၏ ပူးပေါင်းစီစဉ်မှုဖြင့် Buyer Delegation Program ကို ဆောင်ရွက်သွားမှာဖြစ်လို့ အသင်းဝင် စက်ရုံများ တာဝန်ရှိသူများအတွက် နှစ်ညတာအခမဲ့တည်းခိုခွင့်၊ ဟိုတယ်မှပြပွဲသို့ Shuttle Bus စီစဉ်ပေးခြင်း၊ Fast Track ဝင်ရောက်ခွင့်နှင့် Delegation Lounge အသုံးပြုခွင့်များကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရှန်ဟိုင်းမြို့ သို့ အသွား၊ အပြန်လေယာဉ်လက်မှတ်နှင့် အခြားကုန်ကျစရိတ်များကို မိမိအစီအစဉ်ဖြင့် ကျခံရမှာဖြစ်ပါတယ်။ ပြပွဲတွင် ရာသီဥတုနှင့် အပူချိန်အလိုက် အသုံးပြုနိုင်သည့် အထည်အလိပ်နည်းပညာများ၊ Al အခြေခံဒီဇိုင်းများ၊ Smart Textiles နှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် Sustainable Materials များကို လေ့လာနိုင်မှာ ဖြစ်သလို နိုင်ငံတကာစီးပွားရေးမိတ်ဖက်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမှာဖြစ်ပါ တယ်။ ပြပွဲသို့ အသင်းဝင်စက်ရုံ (သို့မဟုတ်)ကုမ္ပဏီတစ်ခုလျှင် ကိုယ်စားလှယ်နှစ်ဦးအထိ ပါဝင်နိုင်ပြီး ပါဝင်လိုသူများ အနေဖြင့် ဇူလိုင်လ ၇ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းကြရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း က အသိပေးထားကြောင်း သိရပါတယ်။ (NVS-004)