“အစ္စရေးနှင့်လက်ဘနွန် ဆွေးနွေးပွဲများ ဝါရှင်တန်မြို့၌ ပြန်လည်စတင်ကျင်းပ"

24 Jun

လက်ဘနွန်နှင့် အစ္စရေးတာဝန်ရှိသူများသည် ဇွန်လ ၂၃ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ကျင်းပနေကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အီရန်ပဋိပက္ခ ပြီးဆုံးရေး ယာယီသဘောတူညီချက်ကို အမေရိကန်နှင့် အီရန်နိုင်ငံတို့က ဇွန်လ ၁၇ ရက် တွင် ရယူခဲ့ပြီးနောက် အစ္စရေးနှင့် လက်ဘနွန်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ကျင်းပနေခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသည် အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့ကြားကျင်းပသည့် ပဉ္စမမြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်သည်။ ယခင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အစ္စရေးနှင့် လက်ဘနွန်တို့သည် ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ရယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက ယခုနှစ်မတ်လတွင် အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံက လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို စတင်တိုက်ခိုက် ခဲ့သည်။ လက်ရှိတွင် အစ္စရေးနိုင်ငံသည် လက်ဘနွန်တောင်ပိုင်း၌ ကြားခံဇုန်တစ်ခုသတ်မှတ်၍ လက်နက်ကိုင် တပ်ဖွဲ့များ ဖြန့်ကြက်နေရာယူထားကြောင်း သိရသည်။

24 Jun

ADVERTISE HERE .