“2026 Terra Wortmann Open မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန်တင်းနစ်သမား တိုင်ဖို့ဒ်”
23 Jun
ဂျာမနီနိုင်ငံတွင် ကျင်းပ လျက်ရှိသော အမျိုးသားတင်းနစ် ပြိုင်ပွဲဖြစ်သည့် 2026 Terra Wortmann Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို အမေရိကန်တင်းနစ်ကစားသမား ဖရန်ဆစ် တိုင်ဖို့ဒ် က ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သည်။ အဆိုပါ အမေရိကန်တင်းနစ်ကစားသမား တိုင်ဖို့ဒ် က 2026 Terra Wortmann Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ အဆင့်တွင် တစ်နိုင်ငံတည်းနေသူ တင်းနစ်ကစားသမား တေလာဖရဒ် ကို ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ တိုင်ဖို့ဒ် က ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အတိုင်းမသိပျော် ရွှင်မိသိလို အားပေးတဲ့ ပရိသတ်တစ်ဦးတစ် ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
23 Jun